5. လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။
6. သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
7. ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။
8. ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။
9. ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။