2. ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။
3. ဘုရားသခင်ခွင့်ပြုတော်မူလျှင် ငါတို့သည်ထိုသို့ပြုကြမည်။
4. အလင်းသို့တစ်ခါရောက်၍ ကောင်းကင်နှင့်ဆိုင်သောကောင်းချီးလက်ဆောင်ကို မြည်းစမ်းရလျက် သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်သူဖြစ်လာကာ
5. ဘုရားသခင်၏ကောင်းမြတ်သောနှုတ်ကပတ်တော်နှင့် တမလွန်ကာလ၏တန်ခိုးလက္ခဏာတို့ကို မြည်းစမ်းရပြီးမှ
6. ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။
7. အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။
8. သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။