ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4:13-16 Myanmar Standard Bible (MSB)

13. ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​တွင် ကိုယ်​တော်​၏​ရှေ့​မှောက်​၌ မ​ထင်​ရှား​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​၏​မျက်​မှောက်​၌ အ​ကွယ်​အ​ကာ​မဲ့​လျက် ဟင်း​လင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အ​ရှင်​ထံ​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​မည်။

14. ထို့​ကြောင့် ကောင်း​ကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​သည့် ကြီး​မြတ်​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​သည် ငါ​တို့​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​ယုံ​ကြည်​ဝန်​ခံ​သော​အ​ရာ​ကို စွဲ​ကိုင်​ထား​ကြ​ကုန်​စို့။

15. အ​ကြောင်း​မူ​ကား ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​၏​အား​နည်း​ခြင်း​များ​ကို မ​ထောက်​ထား​မ​ညှာ​တာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်​တော်​သည် ငါ​တို့​နည်း​တူ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်​မူ​၏။ သို့​သော် အ​ပြစ်​နှင့်​ကင်း​လွတ်​တော်​မူ​၏။

16. ထို့​ကြောင့် ငါ​တို့​သည် က​ရု​ဏာ​တော်​နှင့်​ကျေး​ဇူး​တော်​တို့​ကို​ခံ​စား​ရ​လျက် သင့်​လျော်​သော​အ​ချိန်​၌ ကူ​ညီ​မ​စ​မှု​ကို​ရ​ရှိ​မည့်​အ​ကြောင်း ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့် ကျေး​ဇူး​တော်​ပလ္လင်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​စို့။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4