27. “နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။
28. ထို့ကြောင့် ငါတို့သည် မတုန်လှုပ်နိုင်သောနိုင်ငံတော်ကိုရရှိသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြည်ညိုခြင်းနှင့်ရိုသေခန့်ညားခြင်းတို့ဖြင့် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြကုန်စို့။
29. အကြောင်းမူကား ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သောမီးဖြစ်တော်မူ၏။