ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:18-26 Myanmar Standard Bible (MSB)

18. ထို​သား​နှင့်​ပတ်​သက်​၍ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မြွက်​ဆို​ထား​၏။

19. ဘု​ရား​သ​ခင်​သည် သေ​လွန်​သော​သူ​တို့​ကို​ပင် ထ​မြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်​ယူ​လျက် ထို​သို့​ပူ​ဇော်​၏။ ပုံ​ဥ​ပ​မာ​အ​ဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲ​မှ ပြန်​ရ​ခဲ့​၏။

20. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇက်​သည် နောင်​ဖြစ်​မည့်​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယာ​ကုပ်​နှင့်​ဧ​သော​တို့​ကို ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​တစ်​ဦး​စီ​ကို ကောင်း​ချီး​ပေး​၍ မိ​မိ​တောင်​ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိ​ခိုး​လေ​၏။

22. ယော​သပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏​ထွက်​မြောက်​ခြင်း​အ​ကြောင်း​ကို ပြော​ပြ​လျက် မိ​မိ​၏​အ​ရိုး​များ​နှင့်​ပတ်​သက်​၍ မှာ​ကြား​ခဲ့​၏။

23. မော​ရှေ​ဖွား​မြင်​သော​အ​ခါ အ​ဆင်း​လှ​သော​သူ​ငယ်​ဖြစ်​ကြောင်း သူ​၏​မိ​ဘ​တို့​မြင်​သ​ဖြင့် ရှင်​ဘု​ရင်​၏​အ​မိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ့​ကို​သုံး​လ​ပတ်​လုံး​ဝှက်​ထား​ကြ​၏။

24. မော​ရှေ​သည် အ​ရွယ်​ရောက်​သော​အ​ခါ ဖာ​ရော​ဘု​ရင်​သ​မီး​တော်​၏​သား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ငြင်း​ပယ်​၍

25. အ​ပြစ်​နှင့်​ဆိုင်​သော​ပျော်​ရွှင်​မှု​ကို ခ​ဏ​သာ​ခံ​စား​ရ​ခြင်း​ထက် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ခြင်း​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရွေး​ချယ်​၏။

26. သူ​သည် အ​ကျိုး​ကျေး​ဇူး​ကို ရှေး​ရှု​မျှော်​မှန်း​လျက်​နေ​သော​ကြောင့် ခ​ရစ်​တော်​အ​တွက်​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ခံ​ရ​သည်​ကို အီ​ဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို​၍​မြတ်​သော​စည်း​စိမ်​ဖြစ်​သည်​ဟု မှတ်​ယူ​လေ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11