ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1:1-3 Myanmar Standard Bible (MSB)

1. ရှေး​ကာ​လ​တွင် ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား ကာ​လ​အ​ပိုင်း​အ​ခြား​အ​မျိုး​မျိုး​တို့​၌ နည်း​မျိုး​စုံ​ဖြင့် စ​ကား​ပြော​တော်​မူ​၏။

2. ဤ​နောက်​ဆုံး​သော​နေ့​ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အား​ဖြင့် စ​ကား​ပြော​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​သား​တော်​အား အ​ရာ​ခပ်​သိမ်း​ကို အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ်​ခန့်​ထား​၍ လော​က​ဓာတ်​တို့​ကို​လည်း သား​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​၏။

3. သား​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်​တို့​ကို ထင်​ဟပ်​သော​ပုံ​သဏ္ဌာန်​ဖြစ်​တော်​မူ​ပြီး မိ​မိ​၏​တန်​ခိုး​နှင့်​ပြည့်​စုံ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ရာ​ခပ်​သိမ်း​ကို​တည်​စေ​၍ အ​ပြစ်​များ​အ​တွက် စင်​ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီး​လျှင် အ​ထက်​ကောင်း​ကင်​၌ ဘုန်း​တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​တွင် ထိုင်​တော်​မူ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1