သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:7-14 Myanmar Standard Bible (MSB)

7. အ​ကြောင်း​မူ​ကား အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ​၌ အိပ်​ပျော်​တတ်​ကြ​၏။ ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ​၌ ယစ်​မူး​တတ်​ကြ​၏။

8. ငါ​တို့​မူ​ကား နေ့​နှင့်​စပ်​ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်​အုပ်​တန်​ဆာ​အ​ဖြစ်​ဝတ်​ဆင်​လျက် ကယ်​တင်​ခြင်း​၌​မျှော်​လင့်​ခြင်း​ကို သံ​ခ​မောက်​အ​ဖြစ်​ဆောင်း​ကာ သမ္မာ​သ​တိ​ရှိ​ကြ​ကုန်​စို့။

9. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​မျက်​တော်​သက်​ရောက်​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ရ​ရှိ​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​၏။

10. ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​နေ​သည်​ဖြစ်​စေ၊ ကိုယ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​မည့်​အ​ကြောင်း ကိုယ်​တော်​သည် ငါ​တို့​အ​တွက် အ​သေ​ခံ​တော်​မူ​၏။

11. ထို့​ကြောင့် ယ​ခု​သင်​တို့​ပြု​နေ​သည့်​အ​တိုင်း အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်​ဆောက်​မြှင့်​တင်​ပေး​ကြ​လော့။

12. ညီ​အစ်​ကို​တို့၊ သင်​တို့​ထဲ​တွင် ကြိုး​စား​အား​ထုတ်​၍ သ​ခင်​ဘု​ရား​၌ သင်​တို့​ကို စီ​မံ​အုပ်​ချုပ်​လျက် သ​တိ​ပေး​ဆုံး​မ​နေ​ကြ​သော​သူ​များ​ကို ကြည်​ညို​လေး​စား​ကြ​ရန်​လည်း​ကောင်း၊

13. သူ​တို့​လုပ်​ဆောင်​သော​အ​မှု​အ​တွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အ​ထူး​တန်​ဖိုး​ထား​ကြ​ရန်​လည်း​ကောင်း သင်​တို့​အား ငါ​တို့​တောင်း​ပန်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။

14. ညီ​အစ်​ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်​တွန်း​နှိုး​ဆော်​သည်​ကား စည်း​မဲ့​ကမ်း​မဲ့​နေ​သော​သူ​တို့​ကို သ​တိ​ပေး​ဆုံး​မ​ကြ​လော့။ စိတ်​အား​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​ကြ​လော့။ အား​နည်း​သော​သူ​တို့​ကို ထောက်​မ​ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​ပေါ် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5