သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:24-28 Myanmar Standard Bible (MSB)

24. သင်​တို့​ကို ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​သည်​ဖြစ်​၍ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။

25. ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

26. ညီ​အစ်​ကို​အား​လုံး​တို့​ကို သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

27. ဤ​စာ​ကို ညီ​အစ်​ကို​အား​လုံး​တို့​ရှေ့​၌​ဖတ်​ကြား​ရန် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏။

28. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5