သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:13-27 Myanmar Standard Bible (MSB)

13. သူ​တို့​လုပ်​ဆောင်​သော​အ​မှု​အ​တွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အ​ထူး​တန်​ဖိုး​ထား​ကြ​ရန်​လည်း​ကောင်း သင်​တို့​အား ငါ​တို့​တောင်း​ပန်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။

14. ညီ​အစ်​ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်​တွန်း​နှိုး​ဆော်​သည်​ကား စည်း​မဲ့​ကမ်း​မဲ့​နေ​သော​သူ​တို့​ကို သ​တိ​ပေး​ဆုံး​မ​ကြ​လော့။ စိတ်​အား​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​ကြ​လော့။ အား​နည်း​သော​သူ​တို့​ကို ထောက်​မ​ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​ပေါ် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။

15. မည်​သူ​မျှ သူ​တစ်​ပါး​အ​ပေါ် အ​ဆိုး​ကို​အ​ဆိုး​ဖြင့်​မ​တုံ့​ပြန်​ကြ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ချင်း​ချင်း​အ​တွက်​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​လည်း​ကောင်း ကောင်း​ကျိုး​ကို​သာ အ​စဉ်​ကြိုး​စား​ပြု​ကြ​လော့။

16. အ​စဉ်​ဝမ်း​မြောက်​ကြ​လော့။

17. အ​မြဲ​မ​ပြတ်​ဆု​တောင်း​ကြ​လော့။

18. အ​ရာ​ရာ​၌ ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထို​သို့​ပြု​ကြ​ရန် ခ​ရစ်​တော်​ယေ​ရှု​၌ ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။

19. ဝိ​ညာဉ်​တော်​၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။

20. ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။

21. သို့​သော် အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​၍ ကောင်း​သော​အ​ရာ​ကို စွဲ​ကိုင်​ထား​ကြ​လော့။

22. မ​ကောင်း​မှု​အ​မျိုး​စုံ​တို့​ကို ရှောင်​ကြဉ်​ကြ​လော့။

23. ငြိမ်​သက်​ခြင်း​၏​အ​ရှင် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် သင်​တို့​ကို အ​ကုန်​အ​စင်​သန့်​ရှင်း​စေ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​၏​ဝိ​ညာဉ်၊ စိတ်​နှ​လုံး၊ ကိုယ်​ခန္ဓာ​ကို အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။

24. သင်​တို့​ကို ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​သည်​ဖြစ်​၍ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။

25. ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

26. ညီ​အစ်​ကို​အား​လုံး​တို့​ကို သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

27. ဤ​စာ​ကို ညီ​အစ်​ကို​အား​လုံး​တို့​ရှေ့​၌​ဖတ်​ကြား​ရန် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5