13. သူတို့လုပ်ဆောင်သောအမှုအတွက် မေတ္တာစိတ်နှင့် သူတို့ကိုအထူးတန်ဖိုးထားကြရန်လည်းကောင်း သင်တို့အား ငါတို့တောင်းပန်ကြ၏။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
14. ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
15. မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
16. အစဉ်ဝမ်းမြောက်ကြလော့။
17. အမြဲမပြတ်ဆုတောင်းကြလော့။
18. အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
19. ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။
20. ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။
21. သို့သော် အရာခပ်သိမ်းတို့ကိုစစ်ဆေး၍ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။