သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:11-18 Myanmar Standard Bible (MSB)

11. သင်​တို့​အား ငါ​တို့​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း အေး​ဆေး​တည်​ငြိမ်​စွာ​နေ​ထိုင်​နိုင်​ရန် ရည်​မှန်း​ကြိုး​စား​လျက် မိ​မိ​ကိစ္စ​များ​ကို​အာ​ရုံ​စိုက်​၍ မိ​မိ​တို့​လက်​ဖြင့်​အ​လုပ်​လုပ်​ကြ​ရန်​လည်း​ကောင်း ငါ​တို့​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

12. ဤ​သည်​ကား သင်​တို့​သည် ပြင်​ပ​လူ​တို့​ရှေ့​၌ တင့်​တယ်​လျောက်​ပတ်​စွာ​အ​သက်​ရှင်​လျှောက်​လှမ်း​၍ သင်​တို့​၌ မည်​သည့်​လို​အပ်​ချက်​မျှ​မ​ရှိ​စေ​ရန်​အ​တွက်​ဖြစ်​၏။

13. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မျှော်​လင့်​ခြင်း​မ​ရှိ​သော​အ​ခြား​သူ​များ​ကဲ့​သို့ ဝမ်း​နည်း​ခြင်း​မ​ရှိ​ကြ​မည့်​အ​ကြောင်း အိပ်​ပျော်​သော​သူ​တို့​နှင့်​ပတ်​သက်​၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အ​လို​မ​ရှိ။

14. အ​ကြောင်း​မူ​ကား ယေ​ရှု​သည် အ​သေ​ခံ​ပြီး​နောက် ထ​မြောက်​တော်​မူ​သည်​ဟု ငါ​တို့​ယုံ​ကြည်​ကြ​လျှင် ဘု​ရား​သ​ခင်​သည် ယေ​ရှု​၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့​သို့​ပင် ထို​သ​ခင်​နှင့်​အ​တူ​ခေါ်​ထုတ်​တော်​မူ​လိမ့်​မည်။

15. သ​ခင်​ဘု​ရား​၏​စ​ကား​တော်​အား​ဖြင့် သင်​တို့​အား ငါ​တို့​ဆို​သည်​မှာ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​သည့်​တိုင်​အောင် အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့​သည် အိပ်​ပျော်​သော​သူ​တို့​ထက် လုံး​ဝ​ရှေ့​ကျ​လိမ့်​မည်​မ​ဟုတ်။

16. အ​ကြောင်း​မူ​ကား ကြွေး​ကြော်​ခြင်း​နှင့်​တ​ကွ ကောင်း​ကင်​တ​မန်​မင်း​၏​အ​သံ​နှင့် ဘု​ရား​သ​ခင်​၏​တံ​ပိုး​မှုတ်​သံ​တို့​ဖြင့် သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​မှ​ဆင်း​သက်​တော်​မူ​သော​အ​ခါ ခ​ရစ်​တော်​၌​သေ​လွန်​သော​သူ​တို့​သည် ဦး​စွာ​ထ​မြောက်​ကြ​လိမ့်​မည်။

17. ထို့​နောက် အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်​၌ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန် ထို​သူ​တို့​နှင့်​အ​တူ မိုး​တိမ်​အား​ဖြင့် ချီ​ဆောင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​သို့​ဖြင့် ငါ​တို့​သည် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ကြ​ရ​လိမ့်​မည်။

18. သို့​ဖြစ်​၍ ဤ​စ​ကား​များ​ဖြင့် အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4