သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-6 Myanmar Standard Bible (MSB)

1. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​နှစ်​သက်​စေ​ရန် မည်​ကဲ့​သို့​အ​သက်​ရှင်​လျှောက်​လှမ်း​ရ​မည်​ကို ငါ​တို့​ထံ​မှ​နည်း​ခံ​ကြ​ပြီး ထို​အ​တိုင်း​အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​သည့်​နည်း​တူ ပို​၍​ပြည့်​စုံ​စွာ ကြိုး​စား​အား​ထုတ်​ကြ​ရန် သင်​တို့​အား သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌ ငါ​တို့​တိုက်​တွန်း​နှိုး​ဆော်​လျက် တောင်း​ပန်​ကြ​၏။

2. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သ​ခင်​ယေ​ရှု​အား​ဖြင့် သင်​တို့​အား မည်​သည့်​ညွှန်​ကြား​ချက်​များ​ပေး​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။

3. ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကား သင်​တို့​သန့်​ရှင်း​ခြင်း​ရှိ​ရန်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့် သင်​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကို ရှောင်​ကြဉ်​လျက်

4. သင်​တို့​တစ်​ဦး​စီ​သည် သန့်​ရှင်း​ခြင်း​နှင့်​ဂုဏ်​သ​ရေ​ရှိ​ခြင်း​တို့​၌ မိ​မိ​ကိုယ်​ခန္ဓာ​အား မည်​သို့​ထိန်း​သိမ်း​ရ​မည်​ကို သိ​ရှိ​၍

5. ဘု​ရား​သ​ခင်​ကို​မ​သိ​သော​လူ​မျိုး​ခြား​တို့​ကဲ့​သို့ ကိ​လေ​သာ​တပ်​မက်​ခြင်း​ထဲ​၌ နစ်​မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်

6. ထို​အ​မှု​အ​ရာ​မျိုး​၌ မိ​မိ​ညီ​အစ်​ကို​အ​ပေါ်​စည်း​ဖောက်​၍ အ​ခွင့်​ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် သင်​တို့​ကို သ​တိ​ပေး​၍ ကြို​တင်​ပြော​ထား​ခဲ့​သည့်​အ​တိုင်း သ​ခင်​ဘု​ရား​သည် ဤ​အ​မှု​အ​ရာ​အား​လုံး​အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4