သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:8-10 Myanmar Standard Bible (MSB)

8. အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​ထံ​မှ မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​သို့ ပဲ့​တင်​ထပ်​သွား​ခဲ့​သည်​သာ​မ​က ဘု​ရား​သ​ခင်​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သည်​လည်း နေ​ရာ​အ​နှံ့​သို့ ပျံ့​နှံ့​လေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​တို့​၌​ပြော​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

9. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​ကို မည်​ကဲ့​သို့​လက်​ခံ​ကြ​သည်​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​၍​စစ်​မှန်​သော​ဘု​ရား​သ​ခင်​ကို အ​စေ​ခံ​ရန်​နှင့်

10. ကျ​ရောက်​လာ​မည့်​အ​မျက်​တော်​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​သည့် ယေ​ရှု​တည်း​ဟူ​သော သေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော​သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​ရန် သင်​တို့​သည် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သ​ခင်​ထံ မည်​ကဲ့​သို့​ပြောင်း​လဲ​လာ​ကြ​သည်​ကို​လည်း​ကောင်း သူ​တို့​ကိုယ်​တိုင်​ပြော​ကြား​ကြ​၏။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1