သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:1-8 Myanmar Standard Bible (MSB)

1. ပေါ​လု၊ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌​တည်​သော သက်​သာ​လော​နိတ်​မြို့​သား​တို့​၏​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

2. ငါ​တို့​သည် သင်​တို့​အား​လုံး​အ​တွက် ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​လျက် ငါ​တို့​၏​ဆု​တောင်း​ချက်​များ​၌ သင်​တို့​ကို​သ​တိ​ရ​ကာ

3. သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မျှော်​လင့်​ခြင်း​အား​ဖြင့်​ဖြစ်​ပေါ်​သော​သည်း​ခံ​မှု​တို့​ကို ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မြဲ​မ​ပြတ်​အောက်​မေ့​ကြ​၏။

4. ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

5. အ​ကြောင်း​မူ​ကား ငါ​တို့​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​သည် စ​ကား​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ပြည့်​ဝ​သော​စိတ်​ချ​မှု​အား​ဖြင့်​လည်း​ကောင်း သင်​တို့​ထံ​သို့​ရောက်​လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် သင်​တို့​အ​တွက် မည်​ကဲ့​သို့​သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

6. သင်​တို့​သည်​လည်း များ​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ထဲ​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ထံ​မှ​ရ​ရှိ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့် နှုတ်​က​ပတ်​တော်​ကို​လက်​ခံ​၍ ငါ​တို့​နှင့်​သ​ခင်​ဘု​ရား​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​၏။

7. ဤ​သို့​ဖြင့် သင်​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​၌​ရှိ​သော ယုံ​ကြည်​သူ​အား​လုံး​အ​တွက် စံ​န​မူ​နာ​ဖြစ်​ကြ​၏။

8. အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​ထံ​မှ မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​သို့ ပဲ့​တင်​ထပ်​သွား​ခဲ့​သည်​သာ​မ​က ဘု​ရား​သ​ခင်​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သည်​လည်း နေ​ရာ​အ​နှံ့​သို့ ပျံ့​နှံ့​လေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​တို့​၌​ပြော​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1