သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:6-18 Myanmar Standard Bible (MSB)

6. ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ​မှ​ခံ​ယူ​ရ​ရှိ​သည့်​ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ မ​လိုက်​လျှောက်​ဘဲ စည်း​မဲ့​ကမ်း​မဲ့ အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော ညီ​အစ်​ကို​အား​လုံး​ကို ရှောင်​ကြဉ်​ကြ​ရန် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အား​ဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်​ကြား​ကြ​၏။

7. အ​ကြောင်း​မူ​ကား ငါ​တို့​ကို မည်​ကဲ့​သို့​အ​တု​ယူ​ရ​မည်​ကို သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အ​လယ်​၌ စည်း​မဲ့​ကမ်း​မဲ့​နေ​ကြ​သည်​မ​ဟုတ်။

8. မည်​သူ​၏​အ​စား​အ​စာ​ကို​မျှ အ​လ​ကား​မ​စား​ဘဲ သင်​တို့​ထဲ​မှ မည်​သူ့​အ​ပေါ်​၌​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် ကြိုး​ပမ်း​အား​ထုတ်​လျက် ပင်​ပန်း​ခက်​ခဲ​စွာ​ဖြင့် နေ့​ရော​ည​ပါ​အ​လုပ်​လုပ်​ကြ​၏။

9. ထို​သို့​ပြု​ခြင်း​မှာ ငါ​တို့​၌ အ​ခွင့်​မ​ရှိ​သော​ကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အ​တု​ယူ​နိုင်​ရန် ငါ​တို့​ကိုယ်​တိုင် သင်​တို့​အား စံ​န​မူ​နာ​ပြ​လို​သော​ကြောင့်​သာ​ဖြစ်​၏။

10. အ​ကြောင်း​မူ​ကား သင်​တို့​နှင့်​အ​တူ ငါ​တို့​ရှိ​စဉ်​က မည်​သူ​မ​ဆို အ​လုပ်​မ​လုပ်​လို​လျှင် အ​စာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်​ကြား​ထား​၏။

11. သို့​သော် သင်​တို့​ထဲ​တွင် အ​ချို့​တို့​သည် စည်း​မဲ့​ကမ်း​မဲ့​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​လုပ်​မ​လုပ်​ဘဲ သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။

12. ထို​သို့​သော​သူ​တို့​သည် ကိုယ့်​ထ​မင်း​ကိုယ်​စား​နိုင်​ရန်​အ​တွက် အေး​ဆေး​တည်​ငြိမ်​စွာ​အ​လုပ်​လုပ်​ကြ​ရန် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌ ငါ​တို့​ညွှန်​ကြား​လျက် တိုက်​တွန်း​နှိုး​ဆော်​ကြ​ပါ​၏။

13. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။

14. တစ်​စုံ​တစ်​ယောက်​သည် ဤ​စာ​အား​ဖြင့် ငါ​တို့​မှာ​ကြား​သော​စ​ကား​ကို​နား​မ​ထောင်​လျှင် ထို​သူ​အား အ​ရှက်​ရ​စေ​ရန် သူ့​ကို​မှတ်​ထား​လျက် သူ​နှင့်​အ​ပေါင်း​အ​ဖော်​မ​ပြု​ကြ​နှင့်။

15. သို့​သော် သူ့​ကို ရန်​သူ​ကဲ့​သို့​မ​မှတ်​ယူ​ဘဲ ညီ​အစ်​ကို​ကဲ့​သို့ သ​တိ​ပေး​ဆုံး​မ​ကြ​လော့။

16. ငြိမ်​သက်​ခြင်း​၏​သ​ခင်​ကိုယ်​တော်​တိုင်​သည် မည်​သည့်​အ​ခြေ​အ​နေ​၌​မ​ဆို သင်​တို့​အား ငြိမ်​သက်​ခြင်း​ကို အ​စဉ်​အ​မြဲ​ပေး​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

17. ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤ​သည်​ကား ငါ့​စာ​အား​လုံး​တွင်​ပါ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ငါ​သည် ဤ​သို့​ရေး​လေ့​ရှိ​၏။

18. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3