5. သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။
6. ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
7. အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
8. မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။
9. ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
10. အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။
11. သို့သော် သင်တို့ထဲတွင် အချို့တို့သည် စည်းမဲ့ကမ်းမဲ့အသက်ရှင်လျှောက်လှမ်း၍ အလုပ်မလုပ်ဘဲ သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်နေကြောင်း ငါတို့ကြားရကြ၏။