သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:14-18 Myanmar Standard Bible (MSB)

14. တစ်​စုံ​တစ်​ယောက်​သည် ဤ​စာ​အား​ဖြင့် ငါ​တို့​မှာ​ကြား​သော​စ​ကား​ကို​နား​မ​ထောင်​လျှင် ထို​သူ​အား အ​ရှက်​ရ​စေ​ရန် သူ့​ကို​မှတ်​ထား​လျက် သူ​နှင့်​အ​ပေါင်း​အ​ဖော်​မ​ပြု​ကြ​နှင့်။

15. သို့​သော် သူ့​ကို ရန်​သူ​ကဲ့​သို့​မ​မှတ်​ယူ​ဘဲ ညီ​အစ်​ကို​ကဲ့​သို့ သ​တိ​ပေး​ဆုံး​မ​ကြ​လော့။

16. ငြိမ်​သက်​ခြင်း​၏​သ​ခင်​ကိုယ်​တော်​တိုင်​သည် မည်​သည့်​အ​ခြေ​အ​နေ​၌​မ​ဆို သင်​တို့​အား ငြိမ်​သက်​ခြင်း​ကို အ​စဉ်​အ​မြဲ​ပေး​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

17. ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤ​သည်​ကား ငါ့​စာ​အား​လုံး​တွင်​ပါ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ငါ​သည် ဤ​သို့​ရေး​လေ့​ရှိ​၏။

18. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3