သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:1-12 Myanmar Standard Bible (MSB)

1. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၌​ဖြစ်​သ​ကဲ့​သို့ လျင်​မြန်​စွာ​ပျံ့​နှံ့​၍ ဘုန်း​တော်​ထင်​ရှား​မည့်​အ​ကြောင်း​နှင့်

2. ငါ​တို့​သည် ကောက်​ကျစ်​၍​ဆိုး​ညစ်​သော​လူ​တို့​လက်​မှ ကယ်​နုတ်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း ငါ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​တိုင်း​၌ ယုံ​ကြည်​ခြင်း​ရှိ​သည်​မ​ဟုတ်။

3. သို့​သော် သ​ခင်​ဘု​ရား​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​သည် သင်​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၍ ဆိုး​ညစ်​သော​သူ​ထံ​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

4. သင်​တို့​သည် ငါ​တို့​ညွှန်​ကြား​သည့်​အ​ရာ​များ​ကို ယ​ခု​ဆောင်​ရွက်​နေ​ကြ​၏။ ဆက်​၍​လည်း ဆောင်​ရွက်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​အ​ပေါ် ငါ​တို့​ယုံ​ကြည်​စိတ်​ချ​ကြ​၏။

5. သ​ခင်​ဘု​ရား​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခ​ရစ်​တော်​၏​သည်း​ခံ​ခြင်း​ထဲ​သို့ ပို့​ဆောင်​တော်​မူ​ပါ​စေ​သော။

6. ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ​မှ​ခံ​ယူ​ရ​ရှိ​သည့်​ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ မ​လိုက်​လျှောက်​ဘဲ စည်း​မဲ့​ကမ်း​မဲ့ အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော ညီ​အစ်​ကို​အား​လုံး​ကို ရှောင်​ကြဉ်​ကြ​ရန် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အား​ဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်​ကြား​ကြ​၏။

7. အ​ကြောင်း​မူ​ကား ငါ​တို့​ကို မည်​ကဲ့​သို့​အ​တု​ယူ​ရ​မည်​ကို သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အ​လယ်​၌ စည်း​မဲ့​ကမ်း​မဲ့​နေ​ကြ​သည်​မ​ဟုတ်။

8. မည်​သူ​၏​အ​စား​အ​စာ​ကို​မျှ အ​လ​ကား​မ​စား​ဘဲ သင်​တို့​ထဲ​မှ မည်​သူ့​အ​ပေါ်​၌​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် ကြိုး​ပမ်း​အား​ထုတ်​လျက် ပင်​ပန်း​ခက်​ခဲ​စွာ​ဖြင့် နေ့​ရော​ည​ပါ​အ​လုပ်​လုပ်​ကြ​၏။

9. ထို​သို့​ပြု​ခြင်း​မှာ ငါ​တို့​၌ အ​ခွင့်​မ​ရှိ​သော​ကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အ​တု​ယူ​နိုင်​ရန် ငါ​တို့​ကိုယ်​တိုင် သင်​တို့​အား စံ​န​မူ​နာ​ပြ​လို​သော​ကြောင့်​သာ​ဖြစ်​၏။

10. အ​ကြောင်း​မူ​ကား သင်​တို့​နှင့်​အ​တူ ငါ​တို့​ရှိ​စဉ်​က မည်​သူ​မ​ဆို အ​လုပ်​မ​လုပ်​လို​လျှင် အ​စာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်​ကြား​ထား​၏။

11. သို့​သော် သင်​တို့​ထဲ​တွင် အ​ချို့​တို့​သည် စည်း​မဲ့​ကမ်း​မဲ့​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​လုပ်​မ​လုပ်​ဘဲ သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။

12. ထို​သို့​သော​သူ​တို့​သည် ကိုယ့်​ထ​မင်း​ကိုယ်​စား​နိုင်​ရန်​အ​တွက် အေး​ဆေး​တည်​ငြိမ်​စွာ​အ​လုပ်​လုပ်​ကြ​ရန် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌ ငါ​တို့​ညွှန်​ကြား​လျက် တိုက်​တွန်း​နှိုး​ဆော်​ကြ​ပါ​၏။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3