10. ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်ကြသည်မှာ မိမိတို့အားကယ်တင်ခြင်းရရှိစေသည့်သမ္မာတရားကိုချစ်ရန် ငြင်းပယ်ကြသောကြောင့်ဖြစ်၏။
11. ထို့ကြောင့် လိမ်လည်မှုကို သူတို့ယုံကြည်ကြစေရန် ဘုရားသခင်သည် လှည့်ဖြားခြင်းတန်ခိုးကို သူတို့ထံသို့ စေလွှတ်တော်မူ၏။
12. ဤသည်ကား သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှုကိုနှစ်သက်သောသူအားလုံး စီရင်ခြင်းခံရမည့်အကြောင်းတည်း။
13. သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
14. ဤရည်ရွယ်ချက်အတွက် ဘုရားသခင်သည် ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းအားဖြင့် သင်တို့ကို ခေါ်ယူတော်မူ၏။ ဤသည်ကား ငါတို့သခင်ယေရှုခရစ်တော်၏ဘုန်းအသရေတော်ကို သင်တို့ရရှိရန်အတွက်ဖြစ်၏။