ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:15-18 Myanmar Standard Bible (MSB)

15. တ​ပည့်​တော်​တို့​သည်​လည်း အ​မိန့်​တော်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျက် လူ​အား​လုံး​တို့​ကို​ထိုင်​စေ​ကြ​၏။

16. ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူ​ထု​ပ​ရိ​သတ်​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။

17. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​ရ​ကြ​၏။

18. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တစ်​ပါး​တည်း​ဆု​တောင်း​လျက်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “လူ​ထု​ပ​ရိ​သတ်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ သူ​တို့​အား မေး​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 9