ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:8-13 Myanmar Standard Bible (MSB)

8. ရှိ​မုန်​ပေ​တ​ရု​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ယေ​ရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်​ဝပ်​လျက် “သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ​ဖြစ်​၍ အ​ကျွန်ုပ်​ထံ​မှ ကြွ​သွား​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

9. ဤ​သို့​လျှောက်​သည်​မှာ ဖမ်း​မိ​သော​ငါး​များ​ပြား​သ​ဖြင့် ရှိ​မုန်​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​အား​လုံး​သည် အံ့​အား​သင့်​ကြ​သော​ကြောင့်​ဖြစ်​၏။

10. ရှိ​မုန်​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည်​လည်း အံ့​အား​သင့်​ကြ​၏။ ယေ​ရှု​က​လည်း “မ​ကြောက်​နှင့်။ သင်​သည် ယ​ခု​မှ​စ​၍ လူ​ကို​ဖမ်း​လိမ့်​မည်”​ဟု ရှိ​မုန်​အား မိန့်​တော်​မူ​၏။

11. ထို​အ​ခါ သူ​တို့​သည် လှေ​ကို ကုန်း​ပေါ်​တင်​ပြီး​လျှင် ရှိ​သ​မျှ​ကို​စွန့်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

12. ကိုယ်​တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်​မူ​စဉ် တစ်​ကိုယ်​လုံး​အ​နာ​ကြီး​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ဦး​သည် ယေ​ရှု​ကို​မြင်​လျှင် ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်း​ပန်​လေ​၏။

13. ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​၏​အ​နာ​ကြီး​ရော​ဂါ​သည် ပျောက်​ကင်း​သွား​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5