4. ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား “ရေနက်ရာသို့ရွှေ့လော့။ သင်တို့၏ပိုက်ကွန်များကိုချ၍ ငါးဖမ်းကြလော့”ဟု မိန့်တော်မူ၏။
5. ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက်
6. ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။
7. ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။
8. ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။