ရှင်​လု​ကာ​ခ​ရစ်​ဝင် 4:29-37 Myanmar Standard Bible (MSB)

29. ထ​၍ ကိုယ်​တော်​ကို မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​လျှင် ကိုယ်​တော်​ကို တောင်​ကမ်း​ပါး​မှ​တွန်း​ချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်​စွန်း​အ​ထိ ခေါ်​ဆောင်​သွား​ကြ​၏။

30. သို့​ရာ​တွင် ကိုယ်​တော်​သည် သူ​တို့​အ​လယ်​မှ​ဖြတ်​လျှောက်​၍ ကြွ​သွား​တော်​မူ​၏။

31. ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်၊ က​ပေ​ရ​နောင်​မြို့​သို့​ဆင်း​သွား​၍ ဥ​ပုသ်​နေ့​၌ လူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

32. ကိုယ်​တော်​၏​စ​ကား​တော်​သည် အ​ခွင့်​အာ​ဏာ​ရှိ​သော​ကြောင့် လူ​တို့​သည် ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​၏။

33. ထို​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် နတ်​ဆိုး​တည်း​ဟူ​သော​ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်

34. “အို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​လေ​၏။

35. ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ နတ်​ဆိုး​သည် ထို​သူ​ကို လူ​များ​အ​လယ်​တွင်​လှဲ​ချ​၍ အ​နာ​တ​ရ​မ​ဖြစ်​စေ​ဘဲ သူ့​ထံ​မှ ထွက်​သွား​လေ​၏။

36. လူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက် “ဤ​စ​ကား​သည် မည်​သို့​သော​စ​ကား​နည်း။ ညစ်​ညူး​သော​နတ်​များ​ကို အ​ခွင့်​အာ​ဏာ​နှင့် တန်​ခိုး​တို့​ဖြင့် အ​မိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

37. ထို​အ​ခါ ကိုယ်​တော်​၏​သ​တင်း​သည် ပတ်​ဝန်း​ကျင်​ရှိ ဒေ​သ​တစ်​ခု​လုံး​သို့ ပျံ့​နှံ့​သွား​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 4