21. ထိုအခါ ကိုယ်တော်က “ဤကျမ်းချက်သည် ယနေ့၌ပင် သင်တို့ကြားရသည့်အတိုင်း ပြည့်စုံလေပြီ”ဟု မိန့်တော်မူ၏။
22. လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
23. ကိုယ်တော်ကလည်း “အသင်ဆေးဆရာ၊ သင့်ရောဂါကို သင်ပျောက်ကင်းစေလော့ဟူသောဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့တွင် သင်ပြုခဲ့သည်ဟု ငါတို့ကြားရသည့်အမှုများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်းပြုပါ’ဟု သင်တို့သည် ငါ့အား မုချပြောကြလိမ့်မည်”ဟု မိန့်တော်မူပြီးနောက်
24. “သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိ၏နေရင်းမြို့၌ မျက်နှာမရတတ်။
25. ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍ တစ်ပြည်လုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်စဉ်က အစ္စရေးလူမျိုးထဲတွင် မုဆိုးမများစွာရှိခဲ့ကြ၏။