ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:35-39 Myanmar Standard Bible (MSB)

35. လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အ​ကြီး​အ​ကဲ​တို့​မူ​ကား ကိုယ်​တော်​ကို​ပြက်​ရယ်​ပြု​၍ “ဤ​သူ​သည် အ​ခြား​သူ​များ​ကို​ကယ်​တင်​ခဲ့​၏။ သူ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​ခ​ရစ်​တော်​ဖြစ်​လျှင် မိ​မိ​ကိုယ်​ကို​ကယ်​တင်​ပါ​စေ”​ဟု ပြော​ဆို​ကြ​၏။

36. စစ်​သား​တို့​သည်​လည်း ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ပြီး ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် ဝိုင်​ချဉ်​ကို​တိုက်​ကာ

37. “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​လျှင် သင့်​ကိုယ်​သင်​ကယ်​တင်​ပါ”​ဟု ဆို​ကြ​၏။

38. ကိုယ်​တော်​၏​အ​ပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​၏”​ဟူ​သော​ကမ္ပည်း​စာ​ကို​တပ်​ထား​၏။

39. ဆွဲ​ထား​ခြင်း​ခံ​ရ​သော​ရာ​ဇ​ဝတ်​သား​တို့​ထဲ​မှ တစ်​ဦး​သည်​လည်း ကိုယ်​တော်​ကို​စော်​ကား​လျက် “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်​လော။ သင့်​ကိုယ်​သင်​ကယ်​တင်​၍ ငါ​တို့​ကို​လည်း​ကယ်​တင်​လော့”​ဟု ဆို​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23