ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:28-30 Myanmar Standard Bible (MSB)

28. ယေ​ရှု​သည် ထို​အ​မျိုး​သ​မီး​တို့​ဘက်​သို့​လှည့်​၍ “ဂျေ​ရု​ဆ​လင်​မြို့​၏​သ​မီး​တို့၊ ငါ့​အ​တွက်​မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​သာ ငို​ကြွေး​ကြ​လော့။

29. အ​ကြောင်း​မူ​ကား မြုံ​သော​မိန်း​မ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော​သား​မြတ်​တို့​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။

30. ထို​အ​ခါ လူ​တို့​သည် တောင်​များ​အား ‘ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​ကြ​ပါ’​ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား ‘ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ’​ဟူ​၍​လည်း​ကောင်း ဆို​ကြ​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23