ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:44-49 Myanmar Standard Bible (MSB)

44. ကိုယ်​တော်​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​စား​လျက် ပို​၍​ပြင်း​ပြ​စွာ​ဆု​တောင်း​တော်​မူ​ရာ ကိုယ်​တော်​၏​ချွေး​သည် မြေ​ပေါ်​သို့​ကျ​သော​သွေး​စက်​သ​ဖွယ်​ဖြစ်​လေ​၏။

45. ကိုယ်​တော်​သည် ဆု​တောင်း​ရာ​မှ​ထ​၍ တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​သော​အ​ခါ သူ​တို့​သည် ဝမ်း​နည်း​နွမ်း​လျ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်

46. “အ​ဘယ်​ကြောင့်​အိပ်​ပျော်​နေ​ကြ​သ​နည်း။ ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် ထ​၍​ဆု​တောင်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

47. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် လူ​အ​စု​အ​ဝေး​တို့​သည်​ရောက်​လာ​ကြ​၏။ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော ယု​ဒ​ဆို​သူ​သည် သူ​တို့​ကို​ဦး​ဆောင်​လာ​၍ ယေ​ရှု​ကို​နမ်း​ရန် ချဉ်း​ကပ်​လေ​၏။

48. သို့​သော် ယေ​ရှု​က “ယု​ဒ၊ သင်​သည် လူ့​သား​ကို အ​နမ်း​ဖြင့်​အပ်​နှံ​မည်​လော”​ဟု မေး​တော်​မူ​၏။

49. ကိုယ်​တော်​၏​အ​နီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်​လာ​မည့်​အ​ရာ​ကို​သိ​မြင်​၍ “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေး​လျှောက်​ကြ​ပြီး​လျှင်

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22