27. ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
28. ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
29. ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “သဖန်းပင်နှင့် အခြားသစ်ပင်အားလုံးတို့ကို ကြည့်ကြလော့။
30. ရွက်နုထွက်လာသောအခါ သင်တို့သည်မြင်၍ နွေရာသီနီးပြီဖြစ်ကြောင်း အလိုအလျောက်သိကြ၏။
31. ထိုနည်းတူ ဤအရာများဖြစ်ပျက်နေသည်ကို သင်တို့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။
32. သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီ ဤမျိုးဆက်သည် လုံးဝမကွယ်ပျောက်ရာ။