1. ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။
2. ဆင်းရဲသောမုဆိုးမတစ်ဦးသည်လည်း ထိုအလှူခံသေတ္တာထဲသို့ လတ္တာနှစ်ပြားထည့်နေသည်ကို မြင်တော်မူ၏။
3. ထိုအခါ ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးထက် ပို၍ထည့်လေပြီ။
4. အကြောင်းမူကား ဤသူအားလုံးတို့သည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ အလှူငွေကိုထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသောအသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။