31. ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။
32. နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
33. သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
34. ယေရှုကလည်း “မျက်မှောက်ကာလ၏သားသမီးတို့သည် ထိမ်းမြားစုံဖက်၍ ပေးစားဆောင်နှင်းတတ်ကြ၏။
35. သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။
36. နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။