9. ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။
10. သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။
11. ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်သည် သင်တို့အတွက် ဖွားမြင်တော်မူပြီ။
12. သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။
13. ထိုခဏချင်းတွင် ထိုကောင်းကင်တမန်နှင့်အတူ များစွာသောကောင်းကင်ဗိုလ်ခြေသည်ပေါ်လာ၍ ဘုရားသခင်ကိုချီးမွမ်းကာ
14. “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
15. ကောင်းကင်တမန်တို့သည် သူတို့ထံမှ ကောင်းကင်သို့ပြန်တက်သွားကြသောအခါ သိုးထိန်းတို့က “ငါတို့သည်ဗက်လင်မြို့သို့သွား၍ ငါတို့အား ထာဝရဘုရားဖော်ပြတော်မူသောအရာကို ကြည့်ရှုကြကုန်စို့”ဟု အချင်းချင်းပြောဆိုကြ၏။
16. ထို့နောက် သူတို့သည် အလျင်အမြန်သွား၍ မာရိနှင့် ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသောကလေးငယ်ကိုလည်းကောင်း တွေ့ကြ၏။