ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:39-46 Myanmar Standard Bible (MSB)

4-5. ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော​ကြောင့် မိ​မိ​နှင့်​စေ့​စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​သော​မာ​ရိ​နှင့်​အ​တူ သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ ဗက်​လင်​မြို့​ဟု​ခေါ်​သော ယု​ဒ​နယ်​ရှိ ဒါ​ဝိဒ်​မြို့​သို့​သွား​လေ​၏။

39. မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​နှင့်​အ​ညီ အ​ကုန်​အ​စင်​ပြု​ပြီး​သော​အ​ခါ မိ​မိ​တို့​နေ​ရပ်​မြို့​ဖြစ်​သော ဂါ​လိ​လဲ​နယ်​ရှိ နာ​ဇ​ရက်​မြို့​သို့​ပြန်​သွား​ကြ​၏။

40. သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ ကြံ့​ခိုင်​သန်​စွမ်း​လာ​ကာ ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​၏။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်​၌​တည်​လေ​၏။

41. ယေ​ရှု​၏​မိ​ဘ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​တွင် နှစ်​တိုင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။

42. ယေ​ရှု​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ​၌​လည်း သူ​တို့​သည်​ပွဲ​တော်​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း တက်​သွား​ကြ​၏။

43. ပွဲ​တော်​ရက်​များ​ပြီး​ဆုံး​၍ သူ​တို့​ပြန်​ကြ​သော​အ​ခါ သူ​ငယ်​ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ရစ်​လေ​၏။ မိ​ဘ​တို့​သည် မ​သိ​ကြ​ဘဲ

44. ခ​ရီး​သွား​ဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်​မှတ်​လျက် တစ်​နေ့​တာ​ခ​ရီး​ပြု​ကြ​၏။ ထို့​နောက် အ​ဆွေ​အ​မျိုး​အ​သိ​အ​ကျွမ်း​တို့​ကြား​တွင် လိုက်​ရှာ​သော်​လည်း

45. မ​တွေ့​သ​ဖြင့် သူ့​ကို​လိုက်​ရှာ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

46. သုံး​ရက်​ကြာ​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​၌ ဆ​ရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နား​ထောင်​လျက် မေး​မြန်း​လျက်​နေ​သည်​ကို မိ​ဘ​တို့​တွေ့​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2