ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:37-40 Myanmar Standard Bible (MSB)

4-5. ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော​ကြောင့် မိ​မိ​နှင့်​စေ့​စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​သော​မာ​ရိ​နှင့်​အ​တူ သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ ဗက်​လင်​မြို့​ဟု​ခေါ်​သော ယု​ဒ​နယ်​ရှိ ဒါ​ဝိဒ်​မြို့​သို့​သွား​လေ​၏။

37. မု​ဆိုး​မ​ဖြစ်​လျက် အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိ​မာန်​တော်​မှ​မ​ခွာ​ဘဲ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု​လျက်​နေ​၏။

38. သူ​သည်​လည်း ထို​တစ်​ချိန်​တည်း​မှာ​ပင်​ရောက်​လာ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကာ ဂျေ​ရု​ဆ​လင်​မြို့​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​မည်​ကို စောင့်​မျှော်​နေ​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်​၏​အ​ကြောင်း​ကို​ပြော​ကြား​လေ​၏။

39. မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​နှင့်​အ​ညီ အ​ကုန်​အ​စင်​ပြု​ပြီး​သော​အ​ခါ မိ​မိ​တို့​နေ​ရပ်​မြို့​ဖြစ်​သော ဂါ​လိ​လဲ​နယ်​ရှိ နာ​ဇ​ရက်​မြို့​သို့​ပြန်​သွား​ကြ​၏။

40. သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍ ကြံ့​ခိုင်​သန်​စွမ်း​လာ​ကာ ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​၏။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်​၌​တည်​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2