ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:1-6 Myanmar Standard Bible (MSB)

1. ထို​နေ့​ရက်​များ​၌ ဩ​ဂုတ္တု​ဆီ​ဇာ​သည် လက်​အောက်​ခံ​နိုင်​ငံ​အား​လုံး​တွင် သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ရန် အ​မိန့်​ထုတ်​ပြန်​လေ​၏။

2. ဤ​သည်​ကား ကု​ရေ​နိ​မင်း​သည် ဆီး​ရီး​ယား​ပြည်​၏​ဘု​ရင်​ခံ​ဖြစ်​စဉ်​တွင် ပ​ထ​မ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။

3. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် မိ​မိ​တို့​ဇာ​တိ​မြို့​သို့ အ​သီး​သီး​သွား​ကြ​၏။

4-5. ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော​ကြောင့် မိ​မိ​နှင့်​စေ့​စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​သော​မာ​ရိ​နှင့်​အ​တူ သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ ဗက်​လင်​မြို့​ဟု​ခေါ်​သော ယု​ဒ​နယ်​ရှိ ဒါ​ဝိဒ်​မြို့​သို့​သွား​လေ​၏။

6. ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာ​ရိ​သည် သား​ဖွား​ရန်​နေ့​လ​စေ့​သ​ဖြင့်

30-32. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​အ​တွက်​ပေါ်​ထွန်း​သော​အ​လင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော် အစ္စ​ရေး​လူ​မျိုး​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​သော လူ​အ​ပေါင်း​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သည့် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း အ​ကျွန်ုပ်​၏​မျက်​စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2