ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:1-13 Myanmar Standard Bible (MSB)

1. ထို​နေ့​ရက်​များ​၌ ဩ​ဂုတ္တု​ဆီ​ဇာ​သည် လက်​အောက်​ခံ​နိုင်​ငံ​အား​လုံး​တွင် သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ရန် အ​မိန့်​ထုတ်​ပြန်​လေ​၏။

2. ဤ​သည်​ကား ကု​ရေ​နိ​မင်း​သည် ဆီး​ရီး​ယား​ပြည်​၏​ဘု​ရင်​ခံ​ဖြစ်​စဉ်​တွင် ပ​ထ​မ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။

3. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် သန်း​ခေါင်​စာ​ရင်း​ဝင်​ရန် မိ​မိ​တို့​ဇာ​တိ​မြို့​သို့ အ​သီး​သီး​သွား​ကြ​၏။

6. ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာ​ရိ​သည် သား​ဖွား​ရန်​နေ့​လ​စေ့​သ​ဖြင့်

7. သား​ဦး​ကို​ဖွား​မြင်​လေ​၏။ ဧည့်​ရိပ်​သာ​တွင် သူ​တို့​အ​တွက်​နေ​ရာ​မ​ရှိ​သော​ကြောင့် သူ​ငယ်​ကို​အ​နှီး​နှင့်​ပတ်​ရစ်​ပြီး နွား​စား​ခွက်​၌​သိပ်​ထား​လေ​၏။

8. ထို​အ​ရပ်​ဒေ​သ​တွင် သိုး​ထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်း​ပြင်​၌​နေ​လျက် မိ​မိ​တို့​၏​သိုး​အုပ်​ကို ည​အ​ခါ​စောင့်​နေ​ကြ​၏။

9. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် သူ​တို့​ရှေ့​၌​ပေါ်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သူ​တို့​ပတ်​လည်​တွင်​ထွန်း​လင်း​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

10. သို့​သော် ကောင်း​ကင်​တ​မန်​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​အ​တွက် အ​လွန်​ဝမ်း​မြောက်​စ​ရာ​ဖြစ်​မည့် ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ငါ​ပြော​ကြား​မည်။

11. ယ​နေ့​တွင် ဒါ​ဝိဒ်​၏​မြို့​၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော​ကယ်​တင်​ရှင်​သည် သင်​တို့​အ​တွက် ဖွား​မြင်​တော်​မူ​ပြီ။

12. သင်​တို့​သိ​နိုင်​သည့် အ​မှတ်​လက္ခ​ဏာ​ဟူ​မူ​ကား အ​နှီး​နှင့်​ပတ်​ရစ်​ပြီး နွား​စား​ခွက်​၌ သိပ်​ထား​သော​က​လေး​ငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်”​ဟု သူ​တို့​အား မြွက်​ဆို​လေ​၏။

13. ထို​ခ​ဏ​ချင်း​တွင် ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ များ​စွာ​သော​ကောင်း​ကင်​ဗိုလ်​ခြေ​သည်​ပေါ်​လာ​၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကာ

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2