ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:4-10 Myanmar Standard Bible (MSB)

4. သူ​သည် အ​တန်​ကြာ​မျှ စီ​ရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်​လည်း နောက်​ဆုံး​တွင် မိ​မိ​စိတ်​ထဲ​၌ ‘ငါ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေး​စား​တတ်။

5. သို့​သော် ဤ​မု​ဆိုး​မ​သည် ငါ့​ကို​အ​နှောင့်​အ​ယှက်​ပေး​လှ​သည်​ဖြစ်​၍ သူ့​အ​တွက် တ​ရား​သ​ဖြင့်​စီ​ရင်​ပေး​မည်။ သို့​မ​ဟုတ်​လျှင် သူ​သည် အ​ဖန်​ဖန်​လာ​၍ နောက်​ဆုံး​၌ ငါ့​ကို ပင်​ပန်း​နွမ်း​နယ်​စေ​လိမ့်​မည်’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

6. ထို့​နောက် သ​ခင်​ဘု​ရား​က “ထို​မ​တ​ရား​သော​တ​ရား​သူ​ကြီး​ပြော​ဆို​သည့်​အ​ရာ​ကို ကြား​ကြ​သ​လော။

7. ဘု​ရား​သ​ခင်​သည်​လည်း မိ​မိ​ထံ နေ့​ည​မ​ပြတ်​အော်​ဟစ်​တောင်း​လျှောက်​နေ​သည့် မိ​မိ​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​အ​တွက် တ​ရား​သ​ဖြင့်​မ​စီ​ရင်​ဘဲ ကြာ​ရှည်​စွာ​ဆိုင်း​ထား​တော်​မူ​လိမ့်​မည်​လော။

8. သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် သူ​တို့​အ​တွက် တ​ရား​သ​ဖြင့် လျင်​မြန်​စွာ​စီ​ရင်​ပေး​တော်​မူ​လိမ့်​မည်။ သို့​သော် လူ့​သား​ကြွ​လာ​သော​အ​ခါ မြေ​ကြီး​ပေါ်​၌ ယုံ​ကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်​မူ​၏။

9. မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​သည်​ဟု​ယုံ​မှတ်​လျက် သူ​တစ်​ပါး​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ​အ​ချို့​တို့​အား ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍​မြွက်​ဆို​တော်​မူ​သည်​မှာ

10. “လူ​နှစ်​ဦး​တို့​သည် ဆု​တောင်း​ရန် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာ​ရိ​ရှဲ​ဖြစ်​ပြီး အ​ခြား​တစ်​ဦး​သည် အ​ခွန်​ကောက်​ခံ​သူ​ဖြစ်​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18