ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:25-35 Myanmar Standard Bible (MSB)

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု မိန့်​တော်​မူ​၏။

26. ထို​စ​ကား​ကို​ကြား​သော​သူ​တို့​က “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

27. ကိုယ်​တော်​က​လည်း “လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​အ​တွက်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့​ပိုင်​ဆိုင်​သော​အ​ရာ​များ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

29. ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​ကို​ဖြစ်​စေ၊ မိ​ဘ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ စွန့်​သော​သူ​တို့​တွင်

30. ယ​ခု​ဘ​ဝ​၌ အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

31. ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​တို့​ရေး​ထား​သော​အ​ရာ​အား​လုံး​တို့​သည် ပြည့်​စုံ​ရ​လိမ့်​မည်။

32. အ​ကြောင်း​မူ​ကား သူ​သည် လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ခြင်း​ကို​ခံ​ရ​လျက် ပြောင်​လှောင်​ခြင်း၊ နှိပ်​စက်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံ​ရ​လိမ့်​မည်။

33. ထို့​နောက် သူ​တို့​သည် သူ့​ကို​ဒဏ်​ခတ်​ရိုက်​နှက်​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

34. သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ထို​အ​ကြောင်း​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ သ​ဘော​မ​ပေါက်​ကြ။ ထို​အ​ရာ​သည် သူ​တို့​ထံ​မှ ကွယ်​ဝှက်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ မိန့်​တော်​မူ​သော​အ​ရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။

35. ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​လာ​စဉ်​တွင် မျက်​မ​မြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်း​စား​နေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18