ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:1-3 Myanmar Standard Bible (MSB)

1. ထို့​နောက် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ဘဲ အ​စဉ်​ဆု​တောင်း​ရ​မည့်​အ​ကြောင်း ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​အား​ဖြင့် လူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2. “မြို့​တစ်​မြို့​၌ ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေး​စား​သော တ​ရား​သူ​ကြီး​တစ်​ဦး​ရှိ​၏။

3. ထို​မြို့​၌​ရှိ​သော မု​ဆိုး​မ​တစ်​ဦး​သည် သူ့​ထံ​သို့ အ​ကြိမ်​ကြိမ်​လာ​ပြီး ‘ကျွန်​မ​ဘက်​၌​နေ​၍ ကျွန်​မ​ကို​တ​ရား​စွဲ​ဆို​သူ​အား တ​ရား​သ​ဖြင့်​စီ​ရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18