ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:27-31 Myanmar Standard Bible (MSB)

27. သူ​ဌေး​က​လည်း ‘အ​ဖ၊ သို့​ဖြစ်​လျှင် လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဖေ​၏​အိမ်​သို့ စေ​လွှတ်​ပေး​ပါ​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏။

28. အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​၌ ညီ​အစ်​ကို​ငါး​ဦး​ရှိ​ပါ​၏။ သူ​တို့​သည် ဝေ​ဒ​နာ​ခံ​ရာ ဤ​အ​ရပ်​သို့ မ​ရောက်​မည့်​အ​ကြောင်း သူ​တို့​အား သွား​၍​သ​တိ​ပေး​စေ​လို​ပါ​၏’​ဟု လျှောက်​လေ​၏။

29. သို့​သော် အာ​ဗြ​ဟံ​က ‘သူ​တို့​၌ မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ကြ​၏။ ထို​သူ​တို့​၏​စ​ကား​ကို သူ​တို့​နား​ထောင်​ကြ​ပါ​စေ’​ဟု ဆို​၏။

30. သူ​ဌေး​က​လည်း ‘အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့​မ​ဟုတ်​ပါ။ သေ​သော​သူ​တို့​ထဲ​မှ တစ်​စုံ​တစ်​ယောက်​သည် သူ​တို့​ထံ​သို့​သွား​လျှင် သူ​တို့​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်’​ဟု ဆို​၏။

31. သို့​သော် အာ​ဗြ​ဟံ​က ‘သူ​တို့​သည် မော​ရှေ​နှင့်​ပ​ရော​ဖက်​တို့​၏​စ​ကား​ကို​နား​မ​ထောင်​လျှင် တစ်​စုံ​တစ်​ယောက်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လျှင်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည်​မ​ဟုတ်’​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 16