5. ထိုသိုးကိုတွေ့လျှင် သူသည် ဝမ်းမြောက်လျက် ၎င်းကို မိမိပခုံးပေါ်တင်၍
6. အိမ်သို့ပြန်လာပြီးလျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းတို့ကိုခေါ်လျက် ‘ပျောက်ဆုံးသောငါ့သိုးကို ပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။
7. ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးစွာသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။
8. ထိုမှတစ်ပါး အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိပြီး ၎င်းတို့ထဲမှ တစ်ပြားသည်ပျောက်ဆုံးလျှင် သူသည် ဆီမီးထွန်း၍ အိမ်ကိုလှဲကျင်းကာ ၎င်းကိုမတွေ့မချင်းသေချာစွာရှာမည်မဟုတ်လော။
9. ထိုဒင်္ဂါးကိုတွေ့လျှင် သူသည် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်လျက် ‘ပျောက်ဆုံးသောငွေဒင်္ဂါးကို ငါပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။