13. ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
14. မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲပြီးသောအခါ ထိုပြည်အနှံ့တွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် သူသည် ဆင်းရဲနွမ်းပါးခြင်းသို့ရောက်လေ၏။
15. ထိုအခါ သူသည် ထိုပြည်မှပြည်သားတစ်ဦးထံ သွားရောက်မှီခိုရာ ထိုသူသည် ဝက်တို့ကိုထိန်းကျောင်းရန် သူ့ကို မိမိလယ်သို့စေလွှတ်လေ၏။
16. သူသည် ဝက်များစားနေသောပဲတောင့်များကိုပင် ဝလင်စွာစားရရန် တောင့်တခဲ့သော်လည်း မည်သူကမျှ သူ့ကို စားစရာမပေးခဲ့ချေ။
17. ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။