ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:1-19 Myanmar Standard Bible (MSB)

1. ထို​အ​ချိန်​၌​ပင် လူ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​နယ်​သား​အ​ချို့​တို့​၏​သွေး​ကို သူ​တို့​ပူ​ဇော်​သော​ယဇ်​များ​နှင့်​ရော​နှော​ခဲ့​ကြောင်း ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ထို​ဂါ​လိ​လဲ​နယ်​သား​တို့​သည် ထို​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ကြ​ရ​သော​ကြောင့် အ​ခြား​ဂါ​လိ​လဲ​နယ်​သား​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

3. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်။

4. ထို့​ပြင် ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​မိ​၍​သေ​ဆုံး​သော​သူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သော​အ​ခြား​သူ​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

5. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

6. ထို့​နောက် ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိ​မိ​စ​ပျစ်​ခြံ​ထဲ​၌​စိုက်​ထား​သော သ​ဖန်း​ပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အ​ပင်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

7. ထို​အ​ခါ သူ​သည် ဥ​ယျာဉ်​မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်​တိုင် ဤ​သ​ဖန်း​ပင်​အ​ပေါ်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို အ​ကျိုး​မဲ့​ဖြစ်​စေ​မည်​နည်း’​ဟု ဆို​၏။

8. သို့​သော် ဥ​ယျာဉ်​မှူး​က ‘သ​ခင်၊ ဤ​အ​ပင်​ကို ယ​ခု​နှစ်​လည်း​ထား​ပါ​ဦး။ အ​ပင်​ပတ်​လည်​ကို အ​ကျွန်ုပ်​တူး​ဆွ​၍ မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။

9. ထို​သို့​ပြု​လျှင် နောက်​နှစ်​တွင် အ​သီး သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍ မ​သီး​ပါ​က ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

10. ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်​သင်​လျက်​နေ​တော်​မူ​၏။

11. ထို​အ​ခါ တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သ​ဖြင့် ခါး​ကုန်း​လျက် လုံး​ဝ​တည့်​မတ်​စွာ​မ​ရပ်​နိုင်​သော​အ​မျိုး​သ​မီး​တစ်​ဦး​ရှိ​၏။

12. ယေ​ရှု​သည် သူ့​ကို​မြင်​လျှင် အ​ထံ​တော်​သို့​ခေါ်​၍ “အ​ချင်း​မိန်း​မ၊ သင်​သည် သင်​၏​နာ​မ​ကျန်း​ဖြစ်​ခြင်း​မှ လွတ်​မြောက်​ပြီ”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

13. သူ့​အ​ပေါ် လက်​တော်​ကို​တင်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​၏​ခါး​သည် ခိုင်​ခံ့​တည့်​မတ်​၍ သူ​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လေ​၏။

14. သို့​သော် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ယေ​ရှု​ငြိမ်း​စေ​တော်​မူ​သော​ကြောင့် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သည် စိတ်​ဆိုး​လျက် “အ​လုပ်​လုပ်​ရ​မည့်​နေ့​ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်​၍ ထို​နေ့​ရက်​များ​၌​လာ​၍ ရော​ဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ကြ​လော့။ ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူ​ထု​ပ​ရိ​သတ်​တို့​အား​ဆို​၏။

15. သ​ခင်​ဘု​ရား​က​လည်း “သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​အ​သီး​သီး​သည် ဥ​ပုသ်​နေ့​၌ မိ​မိ​တို့​နွား သို့​မ​ဟုတ် မြည်း​ကို တင်း​ကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်​ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။

16. သို့​ဖြစ်​လျှင် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​ထား​သည့် အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သော ဤ​သူ​ကို ဥ​ပုသ်​နေ့​၌ ထို​ချုည်​နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

17. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို​ဆန့်​ကျင်​နေ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ရှက်​ရ​ကြ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သည့် ထူး​မြတ်​သော​အ​မှု​အ​လုံး​စုံ​တို့​အ​တွက် ဝမ်း​မြောက်​ကြ​၏။

18. ထို့​ကြောင့် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မည်​သည့်​အ​ရာ​နှင့်​တူ​သ​နည်း။ ၎င်း​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

19. ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​ဥ​ယျာဉ်​ထဲ​၌​ကြဲ​သော​အ​ခါ ထို​အ​စေ့​သည် အ​ပင်​ပေါက်​ကြီး​ထွား​၍ အ​ပင်​ကြီး​ဖြစ်​လာ​ကာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​၏​အ​ကိုင်း​များ​တွင် အ​သိုက်​ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13