ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:32-39 Myanmar Standard Bible (MSB)

32. တ​ရား​စီ​ရင်​တော်​မူ​သည့်​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​မျိုး​ဆက်​နှင့်​အ​တူ​ထ​မြောက်​လျက် ဤ​မျိုး​ဆက်​၏​အ​ပြစ်​ကို​ထင်​ရှား​စေ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​န​၏​ဟော​ပြော​ချက်​ကြောင့် နောင်​တ​ရ​ကြ​၏။ ကြည့်​ရှု​လော့။ ဤ​အ​ရပ်​၌ ယော​န​ထက်​ကြီး​မြတ်​သော​သူ​ရှိ​၏။

33. ဆီ​မီး​ကို​ထွန်း​၍ ကွယ်​ရာ​၌​ထား​သော​သူ သို့​မ​ဟုတ် တောင်း​အောက်​၌​ထား​သော​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။ ဝင်​လာ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​စေ​ရန် ဆီ​မီး​ခုံ​ပေါ်​၌​သာ​ထား​တတ်​ကြ​၏။

34. သင်​၏​မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ သင်​၏​မျက်​စိ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​လည်း​တောက်​ပ​နေ​လိမ့်​မည်။ သို့​သော် မျက်​စိ​မ​ကောင်း​သော​အ​ခါ သင်​၏​ကိုယ်​ခန္ဓာ​သည်​လည်း မှောင်​မိုက်​နေ​လိမ့်​မည်။

35. သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​လော့။

36. ထို့​ကြောင့် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​မိုက်​သည့်​အ​ပိုင်း​မ​ရှိ​ဘဲ တောက်​ပ​နေ​လျှင် ဆီ​မီး​အ​လင်း​ရောင်​သည် သင့်​အ​ပေါ်​ထွန်း​လင်း​နေ​သ​ကဲ့​သို့ သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် တောက်​ပ​နေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

37. ထို​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​တော်​မူ​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

38. သို့​သော် အ​စာ​မ​သုံး​ဆောင်​မီ ဦး​စွာ​ဆေး​ကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာ​ရိ​ရှဲ​သည်​မြင်​၍ အံ့​သြ​လေ​၏။

39. သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​ဖာ​ရိ​ရှဲ​များ​သည် ခွက်​နှင့်​လင်​ပန်း​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း သင်​တို့​အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့်​ဆိုး​ညစ်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11