36. ထိုသူသုံးဦးတို့တွင် မည်သူသည် ဓားပြလက်တွင်းသို့ကျရောက်ခဲ့သူ၏ ဝန်းကျင်၌ရှိသောသူဖြစ်သည်ဟု သင်ထင်သနည်း”ဟူ၍ မေးတော်မူ၏။
37. ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက “သင်သည်လည်း သွား၍ ထိုနည်းတူပြုလော့”ဟု မိန့်တော်မူ၏။
38. သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။