ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:31-38 Myanmar Standard Bible (MSB)

31. ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် အ​ကြောင်း​တိုက်​ဆိုင်​၍ ထို​လမ်း​အ​တိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

32. ထို​နည်း​တူ လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​လည်း ထို​နေ​ရာ​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

33. သို့​သော် ရှ​မာ​ရိ​နယ်​သား​တစ်​ဦး​သည် ခ​ရီး​သွား​ရင်း သူ့​အ​နား​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်

34. ချဉ်း​ကပ်​လျက် သူ​၏​ဒဏ်​ရာ​များ​အ​ပေါ် ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အ​ဝတ်​နှင့်​ပတ်​စည်း​ပေး​၏။ ထို့​နောက် သူ့​ကို မိ​မိ​၏​တိ​ရစ္ဆာန်​ပေါ်​တင်​လျက် တည်း​ခို​ခန်း​သို့ ခေါ်​ဆောင်​သွား​၍ ပြု​စု​စောင့်​ရှောက်​လေ​၏။

35. နောက်​တစ်​နေ့​တွင် ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ခန်း​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် ‘ဤ​သူ​ကို ပြု​စု​စောင့်​ရှောက်​ပေး​ပါ။ နောက်​ထပ် ကုန်​ကျ​သ​မျှ​ကို အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။

36. ထို​သူ​သုံး​ဦး​တို့​တွင် မည်​သူ​သည် ဓား​ပြ​လက်​တွင်း​သို့​ကျ​ရောက်​ခဲ့​သူ​၏ ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သည်​ဟု သင်​ထင်​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

37. ထို​သူ​က​လည်း “သူ့​အ​ပေါ်​က​ရု​ဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေ​ရှု​က “သင်​သည်​လည်း သွား​၍ ထို​နည်း​တူ​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

38. သူ​တို့​သည် ခ​ရီး​ဆက်​သွား​စဉ်​တွင် ကိုယ်​တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​ရာ မာ​သ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ကိုယ်​တော်​ကို မိ​မိ​အိမ်​၌​လက်​ခံ​ကြို​ဆို​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10