22. ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။
23. ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍ “သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။
24. သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကို မြင်လိုကြသော်လည်း မမြင်ခဲ့ကြရပေ။ သင်တို့ကြားနေရသောအရာတို့ကို ကြားလိုကြသော်လည်း မကြားခဲ့ကြရပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
25. တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
26. ကိုယ်တော်ကလည်း “ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း”ဟု မေးတော်မူလျှင်
27. ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။