12. သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။
13. ဘုရားသခင့်သားတော်၏နာမတော်ကိုယုံကြည်သောသင်တို့ထံ ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့သည် ထာဝရအသက်ကိုရရှိပြီဖြစ်ကြောင်း သင်တို့သိကြစေရန်ဖြစ်၏။
14. ဘုရားသခင်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ဘုရားသခင်သည်နားညောင်းတော်မူ၏ဟူ၍ဖြစ်၏။