ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-11 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ယုံ​ကြည်​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်​ဖွား​စေ​တော်​မူ​သော​အ​ရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အ​ရှင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။

2. ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​လျှင် ထို​အ​မှု​အ​ရာ​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

3. ဘု​ရား​သ​ခင်​ကို​ချစ်​ခြင်း​ဆို​သည်​မှာ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​လည်း စောင့်​ထိန်း​ရန်​ခဲ​ယဉ်း​သည်​မ​ဟုတ်။

4. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​တိုင်း​သည် လော​က​ကို​အောင်​နိုင်​၏။ လော​က​ကို​အောင်​နိုင်​သော အောင်​ပွဲ​မှာ ငါ​တို့​၏​ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​၏။

5. မည်​သူ​သည် လော​က​ကို​အောင်​နိုင်​သ​နည်း။ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံ​ကြည်​သော​သူ​ပင်​မ​ဟုတ်​လော။

6. ယေ​ရှု​ခ​ရစ်​တော်​သည် ရေ​နှင့်​သွေး​အား​ဖြင့် ကြွ​လာ​တော်​မူ​သော​အ​ရှင်​ဖြစ်​၏။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အား​ဖြင့်​ကြွ​လာ​တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည် သက်​သေ​ခံ​သော​အ​ရှင်​ဖြစ်​၏။ အ​ကြောင်း​မှာ ဝိ​ညာဉ်​တော်​သည် သမ္မာ​တ​ရား​ဖြစ်​တော်​မူ​၏။

9. ငါ​တို့​သည် လူ​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​ကြ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​သက်​သေ​ခံ​တော်​မူ​ချက်​သည် ပို​၍​ကြီး​မြတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​သက်​သေ​ခံ​တော်​မူ​ချက်​သည် မိ​မိ​၏​သား​တော်​နှင့်​ပတ်​သက်​၍​ပေး​ထား​သော​သက်​သေ​ခံ​တော်​မူ​ချက်​ဖြစ်​၏။

10. ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ဤ​သက်​သေ​ခံ​ချက်​ကို မိ​မိ​အ​ထဲ​၌​ရ​ရှိ​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သော​သူ​မူ​ကား ကိုယ်​တော်​ကို လိမ်​လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​က မိ​မိ​၏​သား​တော်​နှင့်​ပတ်​သက်​၍ သက်​သေ​ခံ​တော်​မူ​သော​သက်​သေ​ခံ​ချက်​ကို ထို​သူ​သည် မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ်​၏။

11. ထို​သက်​သေ​ခံ​ချက်​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​ပြီး ထို​အ​သက်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​၌​ရှိ​၏​ဟူ​၍ ဖြစ်​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5