ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:9-21 Myanmar Standard Bible (MSB)

9. ငါ​တို့​သည် သား​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​၏။ ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်​ရှား​၏။

10. ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​က​သာ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​အ​ဖြစ် မိ​မိ​၏​သား​တော်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​မှု​အ​ရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။

11. ချစ်​ရ​သော​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​လျှင် ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​သင့်​၏။

12. ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ မ​မြင်​ဖူး​သော်​လည်း ငါ​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​၌​တည်​တော်​မူ​၍ ကိုယ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။

13. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ငါ​တို့​၌​တည်​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

14. ခ​မည်း​တော်​သည် သား​တော်​ကို လော​က​၏​ကယ်​တင်​ရှင်​အ​ဖြစ် စေ​လွှတ်​တော်​မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်​သေ​ခံ​ကြ​၏။

15. မည်​သူ​မ​ဆို ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်​ခံ​လျှင် ဘု​ရား​သ​ခင်​သည် ထို​သူ​၌​တည်​တော်​မူ​၍ ထို​သူ​သည်​လည်း ဘု​ရား​သ​ခင်​၌​တည်​၏။

16. ငါ​တို့​သည် ငါ​တို့​အ​ပေါ်​၌ ဘု​ရား​သ​ခင်​ထား​ရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံ​ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ​၌​တည်​တော်​မူ​၏။

17. ငါ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​စေ​ရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​သည်​လည်း ဤ​လော​က​တွင် ကိုယ်​တော်​ကဲ့​သို့​ဖြစ်​ကြ​၏။

18. ချစ်​ခြင်း​မေတ္တာ​၌ ကြောက်​ရွံ့​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ခြင်း​သည် အ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း​နှင့်​သက်​ဆိုင်​သည်​ဖြစ်​၍ စုံ​လင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်​ရွံ့​ခြင်း​ကို ဖယ်​ရှား​တတ်​၏။ ထို့​ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်​စုံ​သေး။

19. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ဦး​စွာ​ချစ်​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။

20. တစ်​စုံ​တစ်​ယောက်​က “ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​ကို မ​ချစ်​နိုင်။

21. “ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို​လည်း ချစ်​ရ​မည်”​ဟူ​သော ဤ​ပ​ညတ်​တော်​ကို ကိုယ်​တော်​ထံ​မှ ငါ​တို့​ရ​ရှိ​ကြ​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4