ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:7-9 Myanmar Standard Bible (MSB)

7. သား​သ​မီး​တို့၊ သင်​တို့​ကို မည်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​သည့်​နည်း​တူ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​သည် ဖြောင့်​မတ်​၏။

8. အ​ပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် အ​ပြစ်​ပြု​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​ခဲ့​သည်​မှာ မာရ်​နတ်​၏​လုပ်​ဆောင်​မှု​တို့​ကို ပယ်​ဖျက်​ရန်​အ​တွက်​ဖြစ်​၏။

9. ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ မည်​သူ​၌​မ​ဆို ဘု​ရား​သ​ခင်​၏​မျိုး​စေ့​တည်​နေ​သည်​ဖြစ်​၍ ထို​သူ​သည် အ​ပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​ကြောင့် အ​ပြစ်​ကို​ဆက်​၍​မ​ပြု​နိုင်။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3